C2D 1 year 2

 



CLICKER တွေပေးပို့လာတဲ့ postcard လေးတွေဖြစ်ပါတယ်ခင်ဗျာ။

ဒီနေ့ဟာ CLICK2DONATE စတင်ခဲ့တဲ့ တစ်နှစ်ပြည့်နေ့ဖြစ်ပါတယ်ခင်ဗျာ။
CLICK2DONATE ဟာ ဒီတော်လှန်ရေးမှာ အစိတ်အပိုင်းလေးတစ်ခုအနေနဲ့ ပါဝင်လာခဲ့တာ တစ်နှစ်ပြည့်ခဲ့ပါပြီခင်ဗျာ။
အခက်အခဲတွေ အောင်မြင်မှုတွေ စိတ်တက်ကြွစရာတွေ စိတ်ဓာတ်ကျစရာတွေ မျိုးစုံကို ကျော်ဖြတ်ရင်း ဒီတော်လှန်ရေးမှာ တစိုက်မတ်မတ် အချိန်ပြည့်ပါဝင်ခဲ့တာ ဒီနှစ်မှာတော့ တစ်နှစ်ပြည့်ခဲ့ပါတယ်ခင်ဗျာ။
တစ်နှစ်ပြည့်အတွက် ပေးပို့ကြတဲ့ ဂုဏ်ပြုစာလေးတွေကိုလဲလက်ခံရရှိပါတယ်ခင်ဗျာ ဒီနေ့တော့ ပို့စ်လေးတွေအများကြီးတင်ပါရစေခင်ဗျာ။
CLICk2DONATE ဟာ
သိန်းပေါင်းကို သောင်းနဲ့ချီပြီး ထောက်ပို့နိုင်ခဲ့သလို ဒီရက်ပိုင်းမှာလဲ တစ်နေ့ သိန်းတစ်ရာတောင်မရလို့ ပြင်ဆင်မှုတွေအများကြီးပြင်ဆင်ကြိုးစားနေရပါတယ်။
POEM&WLML တို့နဲ့ သိန်းငါးထောင်ပရောဂျက်
မပန်နဲ့အတူ PROJECT DRAGONFLY တို့ကို target တွေကိုကျော်လွန်လျှံထွက်တဲ့အထိ အောင်မြင်အောင် လုပ်နိုင်ခဲ့သလို Digital strike သီးသန့်နဲ့တင် သိန်းပေါင်း သောင်းနဲ့ချီပြီး ရှာပေးနိုင်ခဲ့ပါတယ်။
တစ်နေ့ထဲကလစ်တဲ့လူ တစ်သိန်းကျော်ထိရောက်ခဲ့ဖူးသလို
တစ်နေ့ကို ကလစ်တဲ့သူ နှစ်သောင်းနဲ့သုံးသောင်းကြားမှာပဲရှိနေလို့ အားမရတဲ့နေ့တွေလဲအများကြီးဖြစ်ခဲ့ပါတယ်။
ဘာပဲပြောပြောပါ ရေခြားမြေခြားမှာ အခြေတကျ လုပ်နေတဲ့ အလုပ်ကနေထွက်ပြီး တနေကုန်ထိုင်ပြီး အခန်းလေးတခန်းထဲမှာ ဒီတော်လှန်ရေးကိုပဲ တစိုက်မတ်မတ် အားထုတ်လာခဲ့တာ တစ်နှစ်ရှိခဲ့ပါပြီခင်ဗျာ။
မကြာခင်မှာလဲ တစ်နေ့ကို သိန်းသုံးရာရှာနိုင်မယ့် app အသစ်တွေကိုပြင်ဆင်ထုတ်ဝေသွားနိုင်ဖို့ကြိုးစားနေပါတယ်ခင်ဗျာ။ ကိုယ်တိုင်က developer မဟုတ်တာကြောင့် ဝိုင်းဝန်းကူညီပေးကြတဲ့ developer တွေရဲ့ ကျေးဇူးနဲ့ စတင်ခဲ့သလို အခုလဲ သူတို့ကိုအားကိုးပြီး အများကြီးကြိုးစားနေပါတယ်ခင်ဗျာ။ အထူးကျေးဇူးတင်ရမှာကတော့ ဒီ app တွေကို ဝိုင်းဝန်းရေးဆွဲပေးကြတဲ့ developer တစ်ယောက်စီတိုင်းကိုဖြစ်ပါတယ်။
ဒါ့အပြင်
ဒီနေ့အထိ click2donate နဲ့အတူရှိနေကြတဲ့ clicker တစ်ယောက်ချင်းတစ်ယောက်ချင်းစီတိုင်းကို လေးလေးစားစားနဲ့ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ခင်ဗျာ။ ဆက်ပြီးလဲ အင်တိုက်အားတိုက် အပြည့်အဝ ဆက်ရှိနေပေးကြပါဥိးလို့ တောင်းဆိုပါတယ်ခင်ဗျာ။
အလိုမရှိ သီချင်းစာသားလေးလိုပေါ့
'"ဘယ်လိုပဲအခက်အခဲတွေရှိပါစေ အကုန်ဖြတ်ကျော်သွားမယ့်စိတ်ကိုထား
တစ်ယောက်ချင်းအကုန်ဝိုင်းတွန်းကြရင် ပိတ်ထားတဲ့တံခါးများ ပွင့်မှာပါ"
We click, We support
They Can't stop digital strike!


69 Comments

  1. Yay
    ကိုယ့်ရဲ့ postcard လေးတွေ 🥳

    ReplyDelete
  2. Till the end
    Fighting together 💪

    ReplyDelete
  3. Very beautiful clicker
    ဘယ်လိုဖြစ်ပြီးThandar ကနေ Thandatဖြစ်သွားမှန်းမသိဘူး😇😇😇

    ReplyDelete
  4. Postcard လေးတွေကိုသဘောကျပေးကြတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ် 🥰❤️
    We are clickers
    We never give up. 💪

    ReplyDelete
  5. သင်္ခါရ သဘောအရ ဖြစ်ပြီးရင်ပျက်မှာပဲ။

    ReplyDelete
  6. ရန်ကုန်ရေမြုပ် မင်းအောင်းလှိုင်ပြုတ်။

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. ချစ်ခင်ရသောမိတ်ဆွေများမင်္ဂလာပါခင်ဗျာ။

    ReplyDelete
  9. နောက်ကျပြီးမှတွေ့ခဲ့သင့်တာ။

    ReplyDelete
  10. မိုးတွေရွာနေပြီကွယ်။

    ReplyDelete
  11. တို့မျက်နှာမိုးစက်ကလေးတွေလာစင်တယ်။

    ReplyDelete
  12. 💪💖💖💖 💪💖💖💖 💪💖💖💖💪💖💖💖💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖💪💖💖💖💪💖💖💖💪💖💖💖

    ReplyDelete
  13. စိတ်ဓါတ်မကျကြေးနော်၊ဘယ်တော့မှအရှုံးမပေးဘူး။

    ReplyDelete
  14. ကျန်းမာ၍ ဘေးကင်းနိုင်ကြပါစေ။

    ReplyDelete
  15. နေနိုင်လွန်းတဲ့သူတွေက သူတို့ကိုယ်တိုင်ပဲ အာဏာရှင်စနစ်ကိုအားပေးနေသလားဗျာ။

    ReplyDelete
  16. ဖိုက်တင်းပါဗျာ။

    ReplyDelete
  17. ဖြည်းဖြည်းမှန်မှန်လေးဝုန်းကြတာပေါ့။

    ReplyDelete
  18. အားတင်ပြီး မာန်ကိုခဲ အဓမ္မကိုတွန်းလှန်ဆဲ။

    ReplyDelete
  19. အာဏာရှင်စနစ်အမြစ်ဖြတ်ပွဲမှာ ကလစ်ပြီးတိုက်ပွဲဝင်မယ်။

    ReplyDelete
  20. ဝုန်းဒိုင်းကျဲနေကြပြီလား။

    ReplyDelete
  21. ဆွဲပြီးသားပဲ။

    ReplyDelete
  22. မင်္ဂလာပါ ပြည်သူများ , PCF နှင့် PDF အပေါင်း သူတော်ကောင်းတို့။

    ReplyDelete
  23. ဘယ်မှာလည်း တရားမျှတမှု ၊ ဘယ်မှာလည်း လွတ်လပ်ခြင်း.၊ ဘယ်မှာလည်း တန်းတူညီမျှခြင်း။

    ReplyDelete
  24. ဒီနေ့အတွက် သင် ကလစ်လုပ်ပြီးပြီလား။

    ReplyDelete
  25. အချိန်ရရင်ရသလို ကလစ်နေပါတယ်၊ နေစဉ် တစ်နေရာမဟုတ်တစ်နေရာမှာဝင်နေဆဲပါ။

    ReplyDelete
  26. ကြောက်တတ်လိုက်တာလဲလွန်ပါရောလား။ လက်ထဲက ဟာကြီးမှအားမနာ။

    ReplyDelete
  27. အားတင်းပြီးရှေ့ဆက်ကြရမှာပဲ။ ကိုယ်ကိုတိုင်ရုန်းမှရမှာမို့ပဲ။

    ReplyDelete
  28. မိတ်ဆွေများကျန်းမာဘေးကင်းကြပါစေခင်ဗျာ။

    ReplyDelete
  29. ကိုယ်ကျန်းမာကြပါစေ၊ စိတ်ချမ်းသာနိုင်ကြပါစေ၊ဘေးအန္တရယ်ကင်းဝေးကြပါစေ။

    ReplyDelete
  30. မင်္ဂလာရှိသောသတင်းများသာကြားနိုင်ကြပါစေ။ဘေးကင်းကျန်းမာကြပါစေ။

    ReplyDelete
  31. ဟိုဘက်ပြေးကလစ်လိုက် ဒီဘက်‌ပြေးကလစ်လိုက် ကလစ်ရင်းနဲ့ငိုက်လိုက်။

    ReplyDelete
  32. သတ္တဝါတွေအားလုံး ချမ်းသာကိုယ်စိတ်မြဲကြပြီး ဘေးဥပါဒ် ရန်စွယ် အန္တရာယ် တွေအမြဲထာဝရကင်းဝေးကြပါစေ။

    ReplyDelete
  33. This comment has been removed by the author.

    ReplyDelete
  34. ကျန်းမာဘေးကင်းစွာရှိနေကြပါစေ။

    ReplyDelete
  35. Hello everyone. Have a great day.

    ReplyDelete
Previous Post Next Post