C2D 1year 3

 

CLICKER တွေပေးပို့လာတဲ့ postcard လေးတွေဖြစ်ပါတယ်ခင်ဗျာ။

ဒီနေ့ဟာ CLICK2DONATE စတင်ခဲ့တဲ့ တစ်နှစ်ပြည့်နေ့ဖြစ်ပါတယ်ခင်ဗျာ။
CLICK2DONATE ဟာ ဒီတော်လှန်ရေးမှာ အစိတ်အပိုင်းလေးတစ်ခုအနေနဲ့ ပါဝင်လာခဲ့တာ တစ်နှစ်ပြည့်ခဲ့ပါပြီခင်ဗျာ။
အခက်အခဲတွေ အောင်မြင်မှုတွေ စိတ်တက်ကြွစရာတွေ စိတ်ဓာတ်ကျစရာတွေ မျိုးစုံကို ကျော်ဖြတ်ရင်း ဒီတော်လှန်ရေးမှာ တစိုက်မတ်မတ် အချိန်ပြည့်ပါဝင်ခဲ့တာ ဒီနှစ်မှာတော့ တစ်နှစ်ပြည့်ခဲ့ပါတယ်ခင်ဗျာ။
တစ်နှစ်ပြည့်အတွက် ပေးပို့ကြတဲ့ ဂုဏ်ပြုစာလေးတွေကိုလဲလက်ခံရရှိပါတယ်ခင်ဗျာ ဒီနေ့တော့ ပို့စ်လေးတွေအများကြီးတင်ပါရစေခင်ဗျာ။
CLICk2DONATE ဟာ
သိန်းပေါင်းကို သောင်းနဲ့ချီပြီး ထောက်ပို့နိုင်ခဲ့သလို ဒီရက်ပိုင်းမှာလဲ တစ်နေ့ သိန်းတစ်ရာတောင်မရလို့ ပြင်ဆင်မှုတွေအများကြီးပြင်ဆင်ကြိုးစားနေရပါတယ်။
POEM&WLML တို့နဲ့ သိန်းငါးထောင်ပရောဂျက်
မပန်နဲ့အတူ PROJECT DRAGONFLY တို့ကို target တွေကိုကျော်လွန်လျှံထွက်တဲ့အထိ အောင်မြင်အောင် လုပ်နိုင်ခဲ့သလို Digital strike သီးသန့်နဲ့တင် သိန်းပေါင်း သောင်းနဲ့ချီပြီး ရှာပေးနိုင်ခဲ့ပါတယ်။
တစ်နေ့ထဲကလစ်တဲ့လူ တစ်သိန်းကျော်ထိရောက်ခဲ့ဖူးသလို
တစ်နေ့ကို ကလစ်တဲ့သူ နှစ်သောင်းနဲ့သုံးသောင်းကြားမှာပဲရှိနေလို့ အားမရတဲ့နေ့တွေလဲအများကြီးဖြစ်ခဲ့ပါတယ်။
ဘာပဲပြောပြောပါ ရေခြားမြေခြားမှာ အခြေတကျ လုပ်နေတဲ့ အလုပ်ကနေထွက်ပြီး တနေကုန်ထိုင်ပြီး အခန်းလေးတခန်းထဲမှာ ဒီတော်လှန်ရေးကိုပဲ တစိုက်မတ်မတ် အားထုတ်လာခဲ့တာ တစ်နှစ်ရှိခဲ့ပါပြီခင်ဗျာ။
မကြာခင်မှာလဲ တစ်နေ့ကို သိန်းသုံးရာရှာနိုင်မယ့် app အသစ်တွေကိုပြင်ဆင်ထုတ်ဝေသွားနိုင်ဖို့ကြိုးစားနေပါတယ်ခင်ဗျာ။ ကိုယ်တိုင်က developer မဟုတ်တာကြောင့် ဝိုင်းဝန်းကူညီပေးကြတဲ့ developer တွေရဲ့ ကျေးဇူးနဲ့ စတင်ခဲ့သလို အခုလဲ သူတို့ကိုအားကိုးပြီး အများကြီးကြိုးစားနေပါတယ်ခင်ဗျာ။ အထူးကျေးဇူးတင်ရမှာကတော့ ဒီ app တွေကို ဝိုင်းဝန်းရေးဆွဲပေးကြတဲ့ developer တစ်ယောက်စီတိုင်းကိုဖြစ်ပါတယ်။
ဒါ့အပြင်
ဒီနေ့အထိ click2donate နဲ့အတူရှိနေကြတဲ့ clicker တစ်ယောက်ချင်းတစ်ယောက်ချင်းစီတိုင်းကို လေးလေးစားစားနဲ့ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ခင်ဗျာ။ ဆက်ပြီးလဲ အင်တိုက်အားတိုက် အပြည့်အဝ ဆက်ရှိနေပေးကြပါဥိးလို့ တောင်းဆိုပါတယ်ခင်ဗျာ။
အလိုမရှိ သီချင်းစာသားလေးလိုပေါ့
'"ဘယ်လိုပဲအခက်အခဲတွေရှိပါစေ အကုန်ဖြတ်ကျော်သွားမယ့်စိတ်ကိုထား
တစ်ယောက်ချင်းအကုန်ဝိုင်းတွန်းကြရင် ပိတ်ထားတဲ့တံခါးများ ပွင့်မှာပါ"
We click, We support
They Can't stop digital strike!


63 Comments

  1. We click
    We support
    We must win

    ReplyDelete
  2. Till the end
    Fighting together 💪

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. Have a great day all clickers
    😍😍😍

    ReplyDelete
  5. အနိစ္စ အမြဲမရှိ၊ ဒုက္ခ ဆင်းရဲခြင်း၊ အနတ္တ အစိုးမရခြင်း။

    ReplyDelete
  6. ရန်ကုန်ရေမြုပ် မင်းအောင်းလှိုင်ပြုတ်။

    ReplyDelete
  7. အာဏာရှင်မောင်းထုတ်ကြမယ် အလိုမရှိ၊ အကုန်လုံး ဝိုင်းမတွန်းကြတော့ တော်လှန်ရေးကြာနေတာမဆန်းပါဘူးလေ။

    ReplyDelete
  8. ကျန်းမာဘေးကင်းကြပါစေ။

    ReplyDelete
  9. လုံးဝမတွေ့ခဲ့သင့်တာပါ။

    ReplyDelete
  10. 💪💖💖💖 💪💖💖💖 💪💖💖💖💪💖💖💖💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖💪💖💖💖💪💖💖💖💪💖💖💖

    ReplyDelete
  11. အရင်ထက်နှစ်ဆပိုကြိုးစားမယ်။

    ReplyDelete
  12. သုံးဆ ကြိုးစားနေပြီဗျာ။

    ReplyDelete
  13. တစ်ချို့တွေနေနိုင်လွန်းတယ်။

    ReplyDelete
  14. ကျန်းမာ၍ ဘေးကင်းနိုင်ကြပါစေ။

    ReplyDelete
  15. ဖိုက်တင်းနော်။

    ReplyDelete
  16. ဖိုက်တင်းဗျ။

    ReplyDelete
  17. အားတင်ပြီး မာန်ကိုခဲ အဓမ္မကိုတွန်းလှန်ဆဲ။

    ReplyDelete
  18. အာဏာရှင်စနစ်အမြစ်ဖြတ်ပွဲမှာ ကလစ်ပြီးတိုက်ပွဲဝင်မယ်။

    ReplyDelete
  19. တစ်ခါတစ်ခါ လိုင်းကျနေရင် ကလစ်လို့မကောင်းဘူး။

    ReplyDelete
  20. ကိုယ့်ရင်ထဲက ကလစ်ခြင်းမေတ္တာများ နေ့စဉ်ပေးမယ်။

    ReplyDelete
  21. မင်္ဂလာပါ ပြည်သူများ , PCF နှင့် PDF အပေါင်း သူတော်ကောင်းတို့။

    ReplyDelete
  22. ဘယ်မှာလည်း တရားမျှတမှု ၊ ဘယ်မှာလည်း လွတ်လပ်ခြင်း.၊ ဘယ်မှာလည်း တန်းတူညီမျှခြင်း။

    ReplyDelete
  23. ဒီနေ့အတွက် သင် ကလစ်လုပ်ပြီးပြီလား။

    ReplyDelete
  24. မနက်က အလုပ်နဲနဲရှုပ်သွားလို့အခုမှ အပြေးအလွှား။

    ReplyDelete
  25. မွေးဖွားရှင်သန်ကြီးပြင်းရာနေရာဒေသမတူတော့ အတွေးအခေါ်ချင်းလဲ မတူဘူးလေ။

    ReplyDelete
  26. တော်တော်အတ္တကြီးတဲ့ကောင် သေဖို့သာပြင်ထားပေတော့။

    ReplyDelete
  27. သုံးစားမရပဲ လူတွေကိုဒုက္ခပေးနေတဲ့နွားကြီးကို နွားသတ်ကုန်းသို့ တွန်းပို့ကြမဃ်။

    ReplyDelete
  28. အမေ ကျန်းမာဘေးကင်းနေပါစေ။

    ReplyDelete
  29. မင်္ဂလာရှိသောသတင်းများသာကြားနိုင်ကြပါစေ။ဘေးကင်းကျန်းမာကြပါစေ။

    ReplyDelete
  30. အကြမ်းဖက်အုပ်စုဘက်က PCF တွေကိုသိပ်ကြောက်နေပြီ၊ ငါတို့ကတော့ ကလစ်လက်နက်နဲ့ အိမ်ထဲ ရုံးထဲ ကနေများများတိုက်ကြမယ်။ ဖိုက်တင်း။

    ReplyDelete
  31. This comment has been removed by the author.

    ReplyDelete
  32. ကျန်းမာဘေးကင်းစွာရှိနေကြပါစေ။

    ReplyDelete
  33. Hello everyone. Have a great day.

    ReplyDelete
Previous Post Next Post