C2D 1year 4

 

CLICKER တွေပေးပို့လာတဲ့ postcard လေးတွေဖြစ်ပါတယ်ခင်ဗျာ။

ဒီနေ့ဟာ CLICK2DONATE စတင်ခဲ့တဲ့ တစ်နှစ်ပြည့်နေ့ဖြစ်ပါတယ်ခင်ဗျာ။
CLICK2DONATE ဟာ ဒီတော်လှန်ရေးမှာ အစိတ်အပိုင်းလေးတစ်ခုအနေနဲ့ ပါဝင်လာခဲ့တာ တစ်နှစ်ပြည့်ခဲ့ပါပြီခင်ဗျာ။
အခက်အခဲတွေ အောင်မြင်မှုတွေ စိတ်တက်ကြွစရာတွေ စိတ်ဓာတ်ကျစရာတွေ မျိုးစုံကို ကျော်ဖြတ်ရင်း ဒီတော်လှန်ရေးမှာ တစိုက်မတ်မတ် အချိန်ပြည့်ပါဝင်ခဲ့တာ ဒီနှစ်မှာတော့ တစ်နှစ်ပြည့်ခဲ့ပါတယ်ခင်ဗျာ။
တစ်နှစ်ပြည့်အတွက် ပေးပို့ကြတဲ့ ဂုဏ်ပြုစာလေးတွေကိုလဲလက်ခံရရှိပါတယ်ခင်ဗျာ ဒီနေ့တော့ ပို့စ်လေးတွေအများကြီးတင်ပါရစေခင်ဗျာ။
CLICk2DONATE ဟာ
သိန်းပေါင်းကို သောင်းနဲ့ချီပြီး ထောက်ပို့နိုင်ခဲ့သလို ဒီရက်ပိုင်းမှာလဲ တစ်နေ့ သိန်းတစ်ရာတောင်မရလို့ ပြင်ဆင်မှုတွေအများကြီးပြင်ဆင်ကြိုးစားနေရပါတယ်။
POEM&WLML တို့နဲ့ သိန်းငါးထောင်ပရောဂျက်
မပန်နဲ့အတူ PROJECT DRAGONFLY တို့ကို target တွေကိုကျော်လွန်လျှံထွက်တဲ့အထိ အောင်မြင်အောင် လုပ်နိုင်ခဲ့သလို Digital strike သီးသန့်နဲ့တင် သိန်းပေါင်း သောင်းနဲ့ချီပြီး ရှာပေးနိုင်ခဲ့ပါတယ်။
တစ်နေ့ထဲကလစ်တဲ့လူ တစ်သိန်းကျော်ထိရောက်ခဲ့ဖူးသလို
တစ်နေ့ကို ကလစ်တဲ့သူ နှစ်သောင်းနဲ့သုံးသောင်းကြားမှာပဲရှိနေလို့ အားမရတဲ့နေ့တွေလဲအများကြီးဖြစ်ခဲ့ပါတယ်။
ဘာပဲပြောပြောပါ ရေခြားမြေခြားမှာ အခြေတကျ လုပ်နေတဲ့ အလုပ်ကနေထွက်ပြီး တနေကုန်ထိုင်ပြီး အခန်းလေးတခန်းထဲမှာ ဒီတော်လှန်ရေးကိုပဲ တစိုက်မတ်မတ် အားထုတ်လာခဲ့တာ တစ်နှစ်ရှိခဲ့ပါပြီခင်ဗျာ။
မကြာခင်မှာလဲ တစ်နေ့ကို သိန်းသုံးရာရှာနိုင်မယ့် app အသစ်တွေကိုပြင်ဆင်ထုတ်ဝေသွားနိုင်ဖို့ကြိုးစားနေပါတယ်ခင်ဗျာ။ ကိုယ်တိုင်က developer မဟုတ်တာကြောင့် ဝိုင်းဝန်းကူညီပေးကြတဲ့ developer တွေရဲ့ ကျေးဇူးနဲ့ စတင်ခဲ့သလို အခုလဲ သူတို့ကိုအားကိုးပြီး အများကြီးကြိုးစားနေပါတယ်ခင်ဗျာ။ အထူးကျေးဇူးတင်ရမှာကတော့ ဒီ app တွေကို ဝိုင်းဝန်းရေးဆွဲပေးကြတဲ့ developer တစ်ယောက်စီတိုင်းကိုဖြစ်ပါတယ်။
ဒါ့အပြင်
ဒီနေ့အထိ click2donate နဲ့အတူရှိနေကြတဲ့ clicker တစ်ယောက်ချင်းတစ်ယောက်ချင်းစီတိုင်းကို လေးလေးစားစားနဲ့ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ခင်ဗျာ။ ဆက်ပြီးလဲ အင်တိုက်အားတိုက် အပြည့်အဝ ဆက်ရှိနေပေးကြပါဥိးလို့ တောင်းဆိုပါတယ်ခင်ဗျာ။
အလိုမရှိ သီချင်းစာသားလေးလိုပေါ့
'"ဘယ်လိုပဲအခက်အခဲတွေရှိပါစေ အကုန်ဖြတ်ကျော်သွားမယ့်စိတ်ကိုထား
တစ်ယောက်ချင်းအကုန်ဝိုင်းတွန်းကြရင် ပိတ်ထားတဲ့တံခါးများ ပွင့်မှာပါ"
We click, We support
They Can't stop digital strike!


56 Comments

  1. We're Clickers
    We're together ♡

    Con con MariA 🎉 💖

    ReplyDelete
  2. Till the end
    Fighting together 💪

    ReplyDelete
  3. Have a great day all clickers

    ReplyDelete
  4. ရန်ကုန်ရေမြုပ် မင်းအောင်းလှိုင်ပြုတ်။

    ReplyDelete
  5. ပြန်ဆုံနိုင်မဲ့နေ့ရက်ကလေးတွေမျှော်လင့်မိ။

    ReplyDelete
  6. 💪💖💖💖 💪💖💖💖 💪💖💖💖💪💖💖💖💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖💪💖💖💖💪💖💖💖💪💖💖💖

    ReplyDelete
  7. အခုအချိန်မှာ အားလုံးခက်ခဲနေကြပြီဆိုတာသိပါတယ်၊ဒါပေမဲ့လည်း အားတင်းပြီး အောင်ပွဲရတဲ့အထိ ရှေ့ဆက်ကြရအောင်။

    ReplyDelete
  8. မရ ရတဲ့နည်းနဲ့ကလစ်ပြီးထောက်ပံ့မယ်။

    ReplyDelete
  9. နေ့စဉ်ကလစ်ပေးနေတဲ့ကလစ်ကာတွေကို လေးစားပါတယ်။

    ReplyDelete
  10. ကျန်းမာ၍ ဘေးကင်းနိုင်ကြပါစေ။

    ReplyDelete
  11. ဖိုက်တင်းပါ ဘော်ဘော်တို့။

    ReplyDelete
  12. မကြာမှီလာမည် တို့အောင်ပွဲ။

    ReplyDelete
  13. သိပ်မဝေးတော့ပါဘူးဗျာ။

    ReplyDelete
  14. အားတင်ပြီး မာန်ကိုခဲ အဓမ္မကိုတွန်းလှန်ဆဲ။

    ReplyDelete
  15. အာဏာရှင်စနစ်အမြစ်ဖြတ်ပွဲမှာ ကလစ်ပြီးတိုက်ပွဲဝင်မယ်။

    ReplyDelete
  16. ကလစ်လို့ရတုန်းလေး ကြိုးစားပြီးကလစ်ကြရအောင်နော်။

    ReplyDelete
  17. ဒီရက်ပိုင်း လိုင်းကမေကာင်းဘူးဗျ။

    ReplyDelete
  18. မင်္ဂလာပါ ပြည်သူများ , PCF နှင့် PDF အပေါင်း သူတော်ကောင်းတို့။

    ReplyDelete
  19. ဘယ်မှာလည်း တရားမျှတမှု ၊ ဘယ်မှာလည်း လွတ်လပ်ခြင်း.၊ ဘယ်မှာလည်း တန်းတူညီမျှခြင်း။

    ReplyDelete
    Replies
    1. 1-Feb-2021 နေ့မနက်အစောကြီးကတည်းကခွေးဆွဲခံလိုက်ရတယ်။

      Delete
  20. ကလစ်နေပါပြီ။

    ReplyDelete
  21. ကလစ်ရင်းအိပ်ငိုက်။

    ReplyDelete
  22. အပြေးအလွှားဝင်နေရတာပဲ။ လူလဲပြိုင်းနေပြီ။

    ReplyDelete
  23. ဒီနေ့လဲလိုင်းကျနေတယ်။

    ReplyDelete
  24. လိုင်းကောင်းတဲ့သူတွေကပိုကလစ်ပေးကြပါလား။

    ReplyDelete
  25. အမေကျန်းမာဘေးကင်းနေပါစေ။

    ReplyDelete
  26. ကိုယ်ကျန်းမာကြပါစေ၊ စိတ်ချမ်းသာနိုင်ကြပါစေ၊ဘေးအန္တရယ်ကင်းဝေးကြပါစေ။

    ReplyDelete
  27. မင်္ဂလာရှိသောသတင်းများသာကြားနိုင်ကြပါစေ။ဘေးကင်းကျန်းမာကြပါစေ။

    ReplyDelete
  28. ဟိုဘက်ပြေးကလစ်လိုက် ဒီဘက်‌ပြေးကလစ်လိုက် ကလစ်ရင်းနဲ့ငိုက်လိုက်။

    ReplyDelete
  29. ကျန်းမာဘေးကင်းစွာရှိနေကြပါစေ။

    ReplyDelete
  30. Hello everyone. Have a great day.

    ReplyDelete
Previous Post Next Post