C2D 1year 5


 CLICKER တွေပေးပို့လာတဲ့ postcard လေးတွေဖြစ်ပါတယ်ခင်ဗျာ။

ဒီနေ့ဟာ CLICK2DONATE စတင်ခဲ့တဲ့ တစ်နှစ်ပြည့်နေ့ဖြစ်ပါတယ်ခင်ဗျာ။
CLICK2DONATE ဟာ ဒီတော်လှန်ရေးမှာ အစိတ်အပိုင်းလေးတစ်ခုအနေနဲ့ ပါဝင်လာခဲ့တာ တစ်နှစ်ပြည့်ခဲ့ပါပြီခင်ဗျာ။
အခက်အခဲတွေ အောင်မြင်မှုတွေ စိတ်တက်ကြွစရာတွေ စိတ်ဓာတ်ကျစရာတွေ မျိုးစုံကို ကျော်ဖြတ်ရင်း ဒီတော်လှန်ရေးမှာ တစိုက်မတ်မတ် အချိန်ပြည့်ပါဝင်ခဲ့တာ ဒီနှစ်မှာတော့ တစ်နှစ်ပြည့်ခဲ့ပါတယ်ခင်ဗျာ။
တစ်နှစ်ပြည့်အတွက် ပေးပို့ကြတဲ့ ဂုဏ်ပြုစာလေးတွေကိုလဲလက်ခံရရှိပါတယ်ခင်ဗျာ ဒီနေ့တော့ ပို့စ်လေးတွေအများကြီးတင်ပါရစေခင်ဗျာ။
CLICk2DONATE ဟာ
သိန်းပေါင်းကို သောင်းနဲ့ချီပြီး ထောက်ပို့နိုင်ခဲ့သလို ဒီရက်ပိုင်းမှာလဲ တစ်နေ့ သိန်းတစ်ရာတောင်မရလို့ ပြင်ဆင်မှုတွေအများကြီးပြင်ဆင်ကြိုးစားနေရပါတယ်။
POEM&WLML တို့နဲ့ သိန်းငါးထောင်ပရောဂျက်
မပန်နဲ့အတူ PROJECT DRAGONFLY တို့ကို target တွေကိုကျော်လွန်လျှံထွက်တဲ့အထိ အောင်မြင်အောင် လုပ်နိုင်ခဲ့သလို Digital strike သီးသန့်နဲ့တင် သိန်းပေါင်း သောင်းနဲ့ချီပြီး ရှာပေးနိုင်ခဲ့ပါတယ်။
တစ်နေ့ထဲကလစ်တဲ့လူ တစ်သိန်းကျော်ထိရောက်ခဲ့ဖူးသလို
တစ်နေ့ကို ကလစ်တဲ့သူ နှစ်သောင်းနဲ့သုံးသောင်းကြားမှာပဲရှိနေလို့ အားမရတဲ့နေ့တွေလဲအများကြီးဖြစ်ခဲ့ပါတယ်။
ဘာပဲပြောပြောပါ ရေခြားမြေခြားမှာ အခြေတကျ လုပ်နေတဲ့ အလုပ်ကနေထွက်ပြီး တနေကုန်ထိုင်ပြီး အခန်းလေးတခန်းထဲမှာ ဒီတော်လှန်ရေးကိုပဲ တစိုက်မတ်မတ် အားထုတ်လာခဲ့တာ တစ်နှစ်ရှိခဲ့ပါပြီခင်ဗျာ။
မကြာခင်မှာလဲ တစ်နေ့ကို သိန်းသုံးရာရှာနိုင်မယ့် app အသစ်တွေကိုပြင်ဆင်ထုတ်ဝေသွားနိုင်ဖို့ကြိုးစားနေပါတယ်ခင်ဗျာ။ ကိုယ်တိုင်က developer မဟုတ်တာကြောင့် ဝိုင်းဝန်းကူညီပေးကြတဲ့ developer တွေရဲ့ ကျေးဇူးနဲ့ စတင်ခဲ့သလို အခုလဲ သူတို့ကိုအားကိုးပြီး အများကြီးကြိုးစားနေပါတယ်ခင်ဗျာ။ အထူးကျေးဇူးတင်ရမှာကတော့ ဒီ app တွေကို ဝိုင်းဝန်းရေးဆွဲပေးကြတဲ့ developer တစ်ယောက်စီတိုင်းကိုဖြစ်ပါတယ်။
ဒါ့အပြင်
ဒီနေ့အထိ click2donate နဲ့အတူရှိနေကြတဲ့ clicker တစ်ယောက်ချင်းတစ်ယောက်ချင်းစီတိုင်းကို လေးလေးစားစားနဲ့ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ခင်ဗျာ။ ဆက်ပြီးလဲ အင်တိုက်အားတိုက် အပြည့်အဝ ဆက်ရှိနေပေးကြပါဥိးလို့ တောင်းဆိုပါတယ်ခင်ဗျာ။
အလိုမရှိ သီချင်းစာသားလေးလိုပေါ့
'"ဘယ်လိုပဲအခက်အခဲတွေရှိပါစေ အကုန်ဖြတ်ကျော်သွားမယ့်စိတ်ကိုထား
တစ်ယောက်ချင်းအကုန်ဝိုင်းတွန်းကြရင် ပိတ်ထားတဲ့တံခါးများ ပွင့်မှာပါ"
We click, We support
They Can't stop digital strike!


83 Comments

  1. ဟို video လေးမြင်ယောင်မိတယ် ဒီအသံလေးနဲ့

    ReplyDelete
  2. အရေးတော်ပုံ အမြန်ဆုံးအောင်ရမည်။

    ReplyDelete
    Replies
    1. အရေးတော်ပုံအောင်ရမည်

      Delete
  3. Replies
    1. ဝေါ်...မီခုမှ တွေ့တယ် ဟိဟိ ကျေးဇူးတင်ပါတယ်တီလေး👀🙆

      Delete
  4. Till the end
    Fighting together 💪

    ReplyDelete
  5. ချစ်စရာလေးတေ🕊

    ReplyDelete
  6. ဘုရားကြိုက်အောင်နေ။

    ReplyDelete
  7. ရန်ကုန်ရေမြုပ် မင်းအောင်းလှိုင်ပြုတ်။

    ReplyDelete
  8. ဘုန်းကြီးကြိုက်အောင်မနေကြနဲ့ ဘုရားကြိုက်အောင်နေကြဟ မအလ များ။

    ReplyDelete


  9. ညပိုင်း ဂျူတီ ရောက်ရှိ။

    ReplyDelete
  10. အခုတာ့ တစ်ယောက်ထဲ။

    ReplyDelete
  11. ကလစ်မြဲပါကွယ်။

    ReplyDelete
  12. ကလစ်ဆဲပါပဲ။

    ReplyDelete
  13. ကလစ်နေတုန်းပဲ။ အောင်ပွဲရတဲ့အထိ ကလစ်နေမှာ။

    ReplyDelete
  14. ကလစ်ကိုတန်ဘိုးထားရတာ ဘာနှင့်မှမလဲနိုင်ခဲ့။ အိမ်ကလည်း ဆူလိုက်တာ၊ တစ်နေ့တစ်နေ့ဒါပဲလုပ်နေမှာလားတဲ့။ဟူးးးး။

    ReplyDelete
  15. ငါဟာ ကလစ်ခဲ့သူပါ။

    ReplyDelete
  16. ငါတို့နိုင်ကိုနိုင်ရမယ်။ မြန်မြန်နိုင်ချင်ရင်များများကလစ်ပါ။

    ReplyDelete
  17. မင်္ဂလာညနေခင်းပါခင်ဗျာ။ ဂရုစိုက်ကြပါ၊ဘေးကင်းကြပါစေခင်ဗျ။

    ReplyDelete
  18. 💪💖💖💖 💪💖💖💖 💪💖💖💖💪💖💖💖💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖💪💖💖💖💪💖💖💖💪💖💖💖

    ReplyDelete
  19. အားလုံးတစ်ယောက်ကိုတစ်ယာက်အားပေးရင်း ရှေ့ဆက်ကြရအောင်၊ 💪💪💪💪💪။

    ReplyDelete
  20. ရောင်နီသာမှ မကလစ်ပဲဝင်ယောင်တဲ့ကောင်တွေနှာနုဖြတ်ရိုက်ပစ်မယ်။

    ReplyDelete
  21. နေ့စဉ်မိမိအချိန်ထဲကနေ ကလစ်ဖို့အချိန်ကို တတ်နိုင်သမျှပေးကြပါ။

    ReplyDelete
  22. မအလ မအလ မအလ မအလ

    ReplyDelete
  23. ကျန်းမာ၍ဘေးကင်းကြပါစေ။

    ReplyDelete
  24. အောင်ပွဲကနီးနေပါပြီ။

    ReplyDelete
  25. အားတင်းပြီးကြိုးစားကြမယ်ဗျာ။

    ReplyDelete
  26. အားတင်ပြီး မာန်ကိုခဲ အဓမ္မကိုတွန်းလှန်ဆဲ။

    ReplyDelete
  27. ဆွဲသာဆွဲ ဆွဲသာဆွဲ ကိုယ်လည်းဆွဲမှာပဲ။

    ReplyDelete
  28. အာဏာရှင်စနစ်အမြစ်ဖြတ်ပွဲမှာ ကလစ်ပြီးတိုက်ပွဲဝင်မယ်။

    ReplyDelete
  29. ငါတို့မျိုးဆက်သမိုင်းမရိုင်းစေရဘူး။

    ReplyDelete
  30. မင်္ဂလာပါ ပြည်သူများ , PCF နှင့် PDF အပေါင်း သူတော်ကောင်းတို့။

    ReplyDelete
  31. ဘယ်မှာလည်း တရားမျှတမှု ၊ ဘယ်မှာလည်း လွတ်လပ်ခြင်း.၊ ဘယ်မှာလည်း တန်းတူညီမျှခြင်း။

    ReplyDelete
  32. ဒီနေ့အတွက် သင် ကလစ်လုပ်ပြီးပြီလား။

    ReplyDelete
  33. အားတင်းထားကြပါ။

    ReplyDelete
  34. ချစ်ြခင်းအားဖြင့် ကလစ်ကြပါ။

    ReplyDelete
  35. ကိုယ်ချင်းစာနိုင်ကြပါစေ။

    ReplyDelete
  36. လိုင်းရတဲ့သူတွေ၊လိုင်းကောင်းနေသူတွေကပိုပြီးကလစ်ပေးကြပါနော်။

    ReplyDelete
  37. မအလ နေဝင်ချိန်နီးနေပါပြီ။ အားတင်းပြီးလျှောက်ကြမယ်။

    ReplyDelete
  38. လိုင်းတွေကျနေတာ ကလစ်ရတာအဆင်မပြေဘူးရယ်။

    ReplyDelete
  39. ကိုယ်ကျန်းမာကြပါစေ၊ စိတ်ချမ်းသာနိုင်ကြပါစေ၊ဘေးအန္တရယ်ကင်းဝေးကြပါစေ။

    ReplyDelete
  40. မင်္ဂလာရှိသောသတင်းများသာကြားနိုင်ကြပါစေ။ဘေးကင်းကျန်းမာကြပါစေ။

    ReplyDelete
  41. ဟိုဘက်ပြေးကလစ်လိုက် ဒီဘက်‌ပြေးကလစ်လိုက် ကလစ်ရင်းနဲ့ငိုက်လိုက်။

    ReplyDelete
  42. အမှတ်တမဲ့ တွေ့ဆုံမှုမှသည် ထာဝရခွဲခွါခြင်းဆီသို့။

    ReplyDelete
  43. မတရားလုပ်ထားမှန်းသိတာကို တွန်းကန်တော်လှန်ပြီး လွတ်မြောက်ဖို့ မကြိုးစားဘဲ ခေါင်းငုံ့ခံနေတဲ့သူတွေဟာ ကျွန်လိုလူတန်းစား၊
    မတရားလုပ်ထားတာကိုသိပြီး ရရာနည်းလမ်းပေါင်းစုံနဲ့တွန်းကန်တော်လှန်ပြီး လွတ်မြောက်ဖို့ကြိုးစားနေတဲ့သူတွေဟာ သခင်လိုလူတန်းစား။
    မင်းဘယ်လူတန်းစားထဲမှာပါလဲ စဉ်းစားကြည့်စမ်းသူငယ်ချင်း။ (Credit – ဦးဘုန်း)

    ReplyDelete
  44. အကြမ်းဖက်အုပ်စုဘက်က PCF တွေကိုသိပ်ကြောက်နေပြီ၊ ငါတို့ကတော့ ကလစ်လက်နက်နဲ့ အိမ်ထဲ ရုံးထဲ ကနေများများတိုက်ကြမယ်။ ဖိုက်တင်း။

    ReplyDelete
  45. ကျန်းမာဘေးကင်းစွာရှိနေကြပါစေ။

    ReplyDelete
  46. Hello everyone.. Have a great day.

    ReplyDelete
  47. Click. Click. Clicker😘😘😘

    ReplyDelete
Previous Post Next Post