C2D 1year 6


 CLICKER တွေပေးပို့လာတဲ့ postcard လေးတွေဖြစ်ပါတယ်ခင်ဗျာ။

ဒီနေ့ဟာ CLICK2DONATE စတင်ခဲ့တဲ့ တစ်နှစ်ပြည့်နေ့ဖြစ်ပါတယ်ခင်ဗျာ။
CLICK2DONATE ဟာ ဒီတော်လှန်ရေးမှာ အစိတ်အပိုင်းလေးတစ်ခုအနေနဲ့ ပါဝင်လာခဲ့တာ တစ်နှစ်ပြည့်ခဲ့ပါပြီခင်ဗျာ။
အခက်အခဲတွေ အောင်မြင်မှုတွေ စိတ်တက်ကြွစရာတွေ စိတ်ဓာတ်ကျစရာတွေ မျိုးစုံကို ကျော်ဖြတ်ရင်း ဒီတော်လှန်ရေးမှာ တစိုက်မတ်မတ် အချိန်ပြည့်ပါဝင်ခဲ့တာ ဒီနှစ်မှာတော့ တစ်နှစ်ပြည့်ခဲ့ပါတယ်ခင်ဗျာ။
တစ်နှစ်ပြည့်အတွက် ပေးပို့ကြတဲ့ ဂုဏ်ပြုစာလေးတွေကိုလဲလက်ခံရရှိပါတယ်ခင်ဗျာ ဒီနေ့တော့ ပို့စ်လေးတွေအများကြီးတင်ပါရစေခင်ဗျာ။
CLICk2DONATE ဟာ
သိန်းပေါင်းကို သောင်းနဲ့ချီပြီး ထောက်ပို့နိုင်ခဲ့သလို ဒီရက်ပိုင်းမှာလဲ တစ်နေ့ သိန်းတစ်ရာတောင်မရလို့ ပြင်ဆင်မှုတွေအများကြီးပြင်ဆင်ကြိုးစားနေရပါတယ်။
POEM&WLML တို့နဲ့ သိန်းငါးထောင်ပရောဂျက်
မပန်နဲ့အတူ PROJECT DRAGONFLY တို့ကို target တွေကိုကျော်လွန်လျှံထွက်တဲ့အထိ အောင်မြင်အောင် လုပ်နိုင်ခဲ့သလို Digital strike သီးသန့်နဲ့တင် သိန်းပေါင်း သောင်းနဲ့ချီပြီး ရှာပေးနိုင်ခဲ့ပါတယ်။
တစ်နေ့ထဲကလစ်တဲ့လူ တစ်သိန်းကျော်ထိရောက်ခဲ့ဖူးသလို
တစ်နေ့ကို ကလစ်တဲ့သူ နှစ်သောင်းနဲ့သုံးသောင်းကြားမှာပဲရှိနေလို့ အားမရတဲ့နေ့တွေလဲအများကြီးဖြစ်ခဲ့ပါတယ်။
ဘာပဲပြောပြောပါ ရေခြားမြေခြားမှာ အခြေတကျ လုပ်နေတဲ့ အလုပ်ကနေထွက်ပြီး တနေကုန်ထိုင်ပြီး အခန်းလေးတခန်းထဲမှာ ဒီတော်လှန်ရေးကိုပဲ တစိုက်မတ်မတ် အားထုတ်လာခဲ့တာ တစ်နှစ်ရှိခဲ့ပါပြီခင်ဗျာ။
မကြာခင်မှာလဲ တစ်နေ့ကို သိန်းသုံးရာရှာနိုင်မယ့် app အသစ်တွေကိုပြင်ဆင်ထုတ်ဝေသွားနိုင်ဖို့ကြိုးစားနေပါတယ်ခင်ဗျာ။ ကိုယ်တိုင်က developer မဟုတ်တာကြောင့် ဝိုင်းဝန်းကူညီပေးကြတဲ့ developer တွေရဲ့ ကျေးဇူးနဲ့ စတင်ခဲ့သလို အခုလဲ သူတို့ကိုအားကိုးပြီး အများကြီးကြိုးစားနေပါတယ်ခင်ဗျာ။ အထူးကျေးဇူးတင်ရမှာကတော့ ဒီ app တွေကို ဝိုင်းဝန်းရေးဆွဲပေးကြတဲ့ developer တစ်ယောက်စီတိုင်းကိုဖြစ်ပါတယ်။
ဒါ့အပြင်
ဒီနေ့အထိ click2donate နဲ့အတူရှိနေကြတဲ့ clicker တစ်ယောက်ချင်းတစ်ယောက်ချင်းစီတိုင်းကို လေးလေးစားစားနဲ့ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ခင်ဗျာ။ ဆက်ပြီးလဲ အင်တိုက်အားတိုက် အပြည့်အဝ ဆက်ရှိနေပေးကြပါဥိးလို့ တောင်းဆိုပါတယ်ခင်ဗျာ။
အလိုမရှိ သီချင်းစာသားလေးလိုပေါ့
'"ဘယ်လိုပဲအခက်အခဲတွေရှိပါစေ အကုန်ဖြတ်ကျော်သွားမယ့်စိတ်ကိုထား
တစ်ယောက်ချင်းအကုန်ဝိုင်းတွန်းကြရင် ပိတ်ထားတဲ့တံခါးများ ပွင့်မှာပါ"
We click, We support
They Can't stop digital strike!


92 Comments

  1. ချစ်စရာလေး 💜💜💜

    ReplyDelete
  2. Till the end
    Fighting together 💪

    ReplyDelete
  3. 🎉 Not a happy one-year anniversary 🎉

    💞It 's been a year, not a year for the bride and groom, and anniversary of love ,
    but one year for C2D, Neither admin or clickers could have think C2D would take so when it was first launched, but it has been a year.🎉

    --💞Thanks to the first C2D developer admin and the beautiful clickers who are still clicking today, thank you for the opportunity to meet and clicking together.👨‍👨‍👧‍👧
    (Although not a good meeting ,If the Junta are not crazy about power, then we do not need to click)

    --🙋I arrived in C2D in July at a time when the Covid 19 third wave of Myanmar is facing its worst situation due to the atrocities of the Junta,when the lives of the people in our country were worthless, like an ant, see during the day and disappear at night,
    due to the epidemic and Junta.💔

    👥For some, the Myanmar military coup was a normal one, but for me it was different, especially after seeing when covid19 third wave.
    At the time, I knew I realized how effective it was work with an organization when I was depressed.

    --✍ What I really want to write is that when I first got into C2D, We didn't have an app yet. when we have very happy to get 100,000 a day by clicking tele links,
    I want to write some happy memories, but the letter is too long,I remember the people who clicked together since the inception of C2D, but the straw fire have run out.
    --🎉It 's been a year now. Anyway, it's been a year and we've had all kinds of good and bad, happy and sad,it's ok and not to be ok,
    We are not cold-blooded. We will not back down.💪

    __🙌Don't miss much before we meet again,Don't give up
    We win unless we give up.💪

    ............❤Htet.........

    ReplyDelete
  4. Have a great day all clickers
    🌻🌻🌻

    ReplyDelete
  5. ဘုရားကြိုက်အောင်နေ။

    ReplyDelete
  6. မူလ နှစ်ဖြာ သစ္စာ နှစ်ခု လေးခု အလွှာ အင်္ဂါ ဆယ့်နှစ်ပါး။

    ReplyDelete
  7. ရန်ကုန်ရေမြုပ် မင်းအောင်းလှိုင်ပြုတ်။

    ReplyDelete
  8. ညဘက် ကော်ဖီသောက်ရင်း ကလစ်နေတယ်။

    ReplyDelete
  9. အမှန်တရားဘက်မှာရပ်တည်ကြ။

    ReplyDelete
  10. မတရားမှုကိုခေါင်းငုံ့မခံကြနှင့်။

    ReplyDelete
  11. PDF များနှင့်အတူ ပြည်သူ့ဘက်မှရပ်တည်ပေးကြကုန်သော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအားလုံးဘေးကင်းကျန်းမာကြပါစေ။

    ReplyDelete
  12. ဆုတောင်းရတာလဲအခါခါ။

    ReplyDelete
  13. မိတ်ဆွများမင်္ဂလာညနေခင်းပါ။

    ReplyDelete
  14. ဘေးကင်း ကျန်းမာ ကြပါစေခင်ဗျာ။

    ReplyDelete
  15. ချစ်ခြင်းတရားများနှင့်ပြည့်စုံသော နိုင်ငံတော်သစ်ဆီသို့။

    ReplyDelete
  16. အတူတူ လျှောက်လှမ်းကြရအောင်နော်ကလေး။

    ReplyDelete
  17. 💪💖💖💖 💪💖💖💖 💪💖💖💖💪💖💖💖💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖 💪💖💖💖💪💖💖💖💪💖💖💖💪💖💖💖

    ReplyDelete
  18. အရေးတော်ပုံအောင်ရမည်ဆိုတဲ့ ယုံကြည်စိတ်နှင့်ကြိုးစားဆဲပါပဲ။

    ReplyDelete
  19. အောင်ကိုအောင်ရမည်။

    ReplyDelete
  20. ကြိုးစားကာ ကလစ်နေဆဲပါပဲ။

    ReplyDelete
  21. ကျန်းမာ၍ ဘေးကင်းနိုင်ကြပါစေ။

    ReplyDelete
  22. အဓမ္မသမားများ အမြန်ကျဆုံးရမည်။

    ReplyDelete
  23. ဓမ္မဘက်တော်သားတွေအောင်ပွဲဆင်ရမည်။

    ReplyDelete
  24. ချစ်သောကလစ်ကာတို့ ကျန်းမာဘေးကင်းကြပါစေ။

    ReplyDelete
  25. အားတင်ပြီး မာန်ကိုခဲ အဓမ္မကိုတွန်းလှန်ဆဲ။

    ReplyDelete
  26. အာဏာရှင်စနစ်အမြစ်ဖြတ်ပွဲမှာ ကလစ်ပြီးတိုက်ပွဲဝင်မယ်။

    ReplyDelete
  27. အမှန်တရားကိုမြတ်နိုးသူတိုင်း နိုင်ရာတာဝန်ကို ထမ်းဆောင်ကြပါတယ်။

    ReplyDelete
  28. 💝💝💝💖💖💖💗💗💗

    ReplyDelete
  29. မင်္ဂလာပါ ပြည်သူများ , PCF နှင့် PDF အပေါင်း သူတော်ကောင်းတို့။

    ReplyDelete
  30. ကျန်းမာဘေးကင်းကြပါစေ။

    ReplyDelete
  31. ဘယ်မှာလည်း တရားမျှတမှု ၊ ဘယ်မှာလည်း လွတ်လပ်ခြင်း.၊ ဘယ်မှာလည်း တန်းတူညီမျှခြင်း။

    ReplyDelete
  32. အားလုံးဝိုင်းပြီးကလစ်ပေးကြရင် အတိုင်းအထက်အလွန်ပဲဗျာ။

    ReplyDelete
  33. မှန်တာပေါ့ဗျာ။ ညီတယ်ဟေ့ ဆိုတဲ့သူတွေ ဘယ်ရောက်ကုန်ကြပြီလဲနော်။

    ReplyDelete
  34. စိတ်ထားကောင်းမှကံကောင်းမှာပေါ့။

    ReplyDelete
  35. စနစ်ဆိုးကိုဒီမျိုးဆက်မှာပဲ အပြီးဖြိုဖျက်ပစ်ကြပါစို့။

    ReplyDelete
  36. တစ်နေ့တော့ခွဲကြရမှာပဲ။

    ReplyDelete
  37. ရဉ်ရွယ်ထားခဲ့ပေမဲ့ အိမ်မက်တွေ ပျက်ပြယ်တော့မှာလား။

    ReplyDelete
  38. ဘေးကင်းကျန်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ဝကြပါစေ။

    ReplyDelete
  39. ကိုယ်ကျန်းမာကြပါစေ၊ စိတ်ချမ်းသာနိုင်ကြပါစေ၊ဘေးအန္တရယ်ကင်းဝေးကြပါစေ။

    ReplyDelete
  40. မင်္ဂလာရှိသောသတင်းများသာကြားနိုင်ကြပါစေ။ဘေးကင်းကျန်းမာကြပါစေ။

    ReplyDelete
  41. ဟိုဘက်ပြေးကလစ်လိုက် ဒီဘက်‌ပြေးကလစ်လိုက် ကလစ်ရင်းနဲ့ငိုက်လိုက်။

    ReplyDelete
  42. အမှတ်တမဲ့ တွေ့ဆုံမှုမှသည် ထာဝရခွဲခွါခြင်းဆီသို့။

    ReplyDelete
  43. မတရားလုပ်ထားမှန်းသိတာကို တွန်းကန်တော်လှန်ပြီး လွတ်မြောက်ဖို့ မကြိုးစားဘဲ ခေါင်းငုံ့ခံနေတဲ့သူတွေဟာ ကျွန်လိုလူတန်းစား၊
    မတရားလုပ်ထားတာကိုသိပြီး ရရာနည်းလမ်းပေါင်းစုံနဲ့တွန်းကန်တော်လှန်ပြီး လွတ်မြောက်ဖို့ကြိုးစားနေတဲ့သူတွေဟာ သခင်လိုလူတန်းစား။
    မင်းဘယ်လူတန်းစားထဲမှာပါလဲ စဉ်းစားကြည့်စမ်းသူငယ်ချင်း။ (Credit – ဦးဘုန်း)

    ReplyDelete
  44. This comment has been removed by the author.

    ReplyDelete
  45. အကြမ်းဖက်အုပ်စုဘက်က PCF တွေကိုသိပ်ကြောက်နေပြီ၊ ငါတို့ကတော့ ကလစ်လက်နက်နဲ့ အိမ်ထဲ ရုံးထဲ ကနေများများတိုက်ကြမယ်။ ဖိုက်တင်း။

    ReplyDelete
  46. ကျန်းမာဘေးကင်းစွာရှိနေကြပါစေ။

    ReplyDelete
  47. Hello everyone, Have a great day.

    ReplyDelete
Previous Post Next Post